နေပြည်တော်  ဇွန်     ၂၉

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပိုက်ကျော်ခြင်း (အမျိုးသား) နှင့် ဘော်လီဘော (အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၂၉ ရက် နံနက်ပိုင်းက နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ (C) ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဦးစီးဌာန၊ လုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ဘော်လီဘော (အမျိုးသား) ပထမဆုရ သစ်တောရေးရာ −B အသင်းကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဆုဖလားနှင့် ငွေသားဆုငွေ ကျပ်သုံးသိန်းကို လည်းကောင်း၊ ပိုက်ကျော်ခြင်း (အမျိုးသား) ပထမဆုရ သစ်တောဦးစီးဌာနအသင်းကို ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက ဆုဖလားနှင့် ငွေသားဆုငွေကျပ် သုံးသိန်းကို လည်းကောင်း၊ ဘော်လီဘော (အမျိုးသမီး) ပထမဆုရ ပြည်ထောင်စုဝန်ကြီးရုံး (သစ်တောရေးရာ) အသင်းကို အမြဲတမ်းအတွင်းဝန် ဒေါက်တာညီညီကျော်က ဆုဖလားနှင့် ငွေသားဆုငွေ ကျပ် သုံးသိန်းကိုလည်းကောင်း၊ ပိုက်ကျော်ခြင်း (အမျိုးသား) နှင့် ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ဒုတိယဆု ငွေသားဆုငွေ ကျပ် နှစ်သိန်း၊ တတိယဆု ငွေသားဆုငွေ ကျပ် တစ်သိန်းနှင့် နှစ်သိမ့်ဆုများကို ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများကလည်းကောင်း အသီးသီး ဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။

 

သတင်းစဉ်