ကျိုက်ဒုံ ဇွန် ၂၉
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျတ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဟောင်သရောခန်းမ ဆောက်လုပ်ခဲ့ရာ ရာခိုင်နှုန်း ၆၀ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟောင်သရောခန်းမကို ပြည်နယ်ဘတ်ဂျက် ခွင့်ပြုရန်ပုံငွေကျပ် ၁၁၈ ဒသမ ၈၅၀ သန်းဖြင့် အလျား ပေ ၁၀၀၊ အနံ ၇၈ ပေ၊ အမြင့် ၁၈ ပေ၊ Steel Structure အဆောက်အအုံ အမျိုးအစားဖြစ်ပြီး ရှာမူးလာကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကျိုက်ဒုံ(ပြန်/ဆက်)



