ရွှေကျင် ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၆ နာရီက မြို့နယ်အတွင်း သွားလာနေကြသော ပြည်သူများအား နှာခေါင်းစည်းတပ်ဆင်သွားလာရေးနှင့် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် အပူချိန်တိုင်းတာခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ရွှေကျင်မြို့အဝင် ရွှေကျင်-မဒေါက် (စစ်တောင်းတံတား) ထိပ်နှင့် ရွှေကျင်-တောင်ဘက် (ရွှေကျင်ချောင်းကူးတံတား) ထိပ်တို့တွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားရှိပြီး ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ နေအိမ်ပြင်ပသို့သွားလာရာတွင် နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်သွားလာရေးနှင့် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် အပူချိန်တိုင်းတာခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ရွှေကျင်မြို့နယ်အတွင်းသို့ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်သူများ ဝင်ရောက်လာမှုကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)


