ရန်ကုန်  ၃၀  ဇွန်

ရန်ကုန်တောင်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ခရိုင်အဆင့် သဘာဝဘေးစီမံခန့်ခွဲရေး အစည်းအဝေးကို ဇွန် ၂၉ ရက် နံနက် ၁၀ နာရီက အဆိုပါရုံး ရှင်စောပုခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တောင်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်က ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲရေးအဖွဲ့များ ဖွဲ့စည်းပြီး သဘာဝဘေးဆိုင်ရာ အသိပညာပေးလုပ်ငန်း များအား ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရေး၊ သဘာဝဘေးကြောင့် ပျက်စီးမှုများရှိလာပါက ပြန်လည်ပြင်ဆင်ရ မည့်လုပ်ငန်းများတွင် ဒေသထွက်ပစ္စည်းများရရှိနိုင်မည့် အခြေအနေကြိုတင်လေ့ထားရှိရန်၊ သဘာဝဘေး စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူနှင့်တစ်သားတည်းဖြစ်စေရန် ဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်များ၊ ပရဟိတအဖွဲ့အစည်းများဖြင့် စုဖွဲ့ဆောင်ရွက်ထားရှိရေးတို့အား ရှင်းလင်းဆွေးနွေးမှာကြားသည်။

ထို့နောက် သဘာဝဘေးစီမံခန့်ခွဲရေး ခရိုင်အဆင့်ဌာနဆိုင်ရာများက ဆောင်ရွက်ကြမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ ရန်ကုန်တောင်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင် ခရိုင်အဆင့် ဌာနဆိုင်ရာ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)