သင်္ဃန်းကျွန်း ၃၀ ဇွန်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ ပြည်သူ့စာကြည့်တိုက် များသို့ စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန် အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ စာအုပ်လှူဒါန်းပွဲတွင် ခရိုင်ဦးစီးအရာရှိ ဒေါ်စန္ဒာမိုးမှ စာရေးဆရာများကိုယ်စား မြို့နယ်ပြည်သူ့ စာကြည့်တိုက် တာဝန်ခံများသို့ စာရေးဆရာမမီမိုးရေးသားထားသော “လွင်ပြင်ထဲကမိုးနှင့်မြူ”၊ စတုတ္ထ အကြိမ်မြောက် ရွှေအမြုတေစာပေဆု ဝတ္ထုတိုဆုရ “မဆာတတ်သူများနှင့် အခြားဝတ္ထုတိုများ”၊ တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်လှူဒါန်းသော စာရေးဆရာ သံဗျင်ဦး၏ မြစ်ကမ်းလမ်းနေရာ ဝတ္ထုတိုများ၊ ပြည်တွင်းပြည်ပသာသနာပြု မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာမကြီး ကမ္ဘာလှည့် တင်တင်စိန်အကြောင်း တစေ့တစောင်း ဆောင်းပါးများစုစည်းမှု၊ စာရေးဆရာဦးသန်းထွတ်၏ “ကျွန်တော်နှစ်သက်မိသော ကဗျာများ” စုစုပေါင်း (၁၇၀)အုပ်ကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


