ပင်းတယ   ဇွန်   ၃၀  

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနမှ သုံးလတစ်ကြိမ် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အတွင်းရှိ သက်ကြီးရွယ်အိုဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၃၀ ရက် နံနက်(၁၀)နာရီကမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများအနေဖြင့် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး၊ လိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ စနစ်တကျဆောင်ရွက် ပေးအပ်စေလိုကြောင်းပြောကြားသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ) ဒုတိယ သုံးလပတ်အတွက် ပင်းတယမြို့နယ်အတွင်းရှိ အသက်(၈၅) နှစ် နှင့် အထက် သက်ကြီးဘိုးဘွား (၂၆၁) ဦးအား လူမှုရေးပင်စင်တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်း ဖြင့် စုစုပေါင်း ငွေကျပ် ၇၈၃၀၀၀၀ အား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ၊မြို့နယ် ဦးစီးမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေး မှူးများအား လွဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

ပင်းတယ(ပြန်/ဆက်)

mdn