ချောင်းဆုံ   ဇွန်     ၃၀  

တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရာတွင် အဆင်ပြေစေရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသ်တန်းများပို့ချလျှက်ရှိရာ တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ(၂)နာရီက ကညှော်ကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။

အဆိုပါသင်တန်းတွင် ကျွဲ၊ နွား၊ ကြက်၊ ဝက် စသည့် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့်ရောဂါများ၊ ရာသီ အလိုက်ကူးစက်တတ်သည့်ရောဂါများ၊ လူကြောင့်ကူးစက်တတ်သည့် ရောဂါများ၊ ကာကွယ်ရန်နှင့် တိရစ္ဆာန်ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများတွင်လုပ်ကိုင်ရာ၌အဆင်ပြေစေရေးအတွက်(မွေး/ကု)ဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ  နွဲ့နွဲ့ရီနှင့် ဒု-ဦးစီးမှူး ဒေါက်တာအေးမင်းတို့က ဇွန် ၂၉ ရက်မှ ၃၀ ရက်နေ့အထိ (၂)ကြာသင်တန်းသား သင်တန်းသူ (၂၀) အား စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်းနှင့် သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)