အင်္ဂပူ ၃၀ ဇွန်
ဟင်္သာတခရိုင် အင်္ဂပူမြို့ ပြည်သူ့အားကစားခန်းမတွင် ၂၀၂၁ခုနှစ်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (TSDP) အရ မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဌ ဖလားအမျိုးသားအလွတ်တန်းဖူဆယ်ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ် ရေးကော်မတီ ဥက္ကဌနှင့် တာဝန်ရှိ သူများမှ အားကစားပစ္စည်းများကို မြို့နယ်ဖူဆယ်ဘောလုံးဆပ်ကော်မတီနှင့် မြို့နယ်ပိုက် ကျော်ခြင်းဆပ်ကော်မတီတို့အား ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းခိုင်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း ပြိုင်ပွဲကို ဇွန် ၃၀ရက်မှ ဇူလိုင် ၅ ရက်ထိကျင်းပမည်ဖြစ်ပြီး အမျိုးသားအလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို အသင်း ၁၂ သင်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်း ၅ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)