ကြို့ပင်ကောက် ၃၀ ဇွန်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ရှိ မြို့မစည်ပင်သာယာဈေးနှင့် စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ရောင်းချရေးအသိပညာပေးဆောင်ရွက်ခြင်းကို ဇွန်လ ၃၀ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ဈေးရောင်း ဈေးဝယ်များ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်၍ ရောင်းချကြရန် တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးမှနေကြရန်၊ ပိုက်ဆံများ ကုန်ပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကိုစနစ်တကျဆေးကြောရန်၊ စားသောက်ဆိုင်များတွင်လည်း ဆိုင်ထိုင် စားသောက်ခြင်းများဖြင့်ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာရောင်းချကြရန်တို့ကို လက်ကိုင် ဟမ်းစပီကာဖြင့် အသိပညာပေးနိုးဆော်ပြီး နှာခေါင်းစည်းများ၊ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
ယင်းသို့ဆောင်ရွက်ခြင်းကို မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကိုကိုငြိမ်း၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)



