၁၃၈၃ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်
(၂၀၂၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်)
Coronavirus Disease 2019 (COVID-19) ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီး ဌာနများမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးထားသည့်ကိစ္စရပ်များ မပါ)အား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်ထားပါကြောင်း အသိပေးကြေညာ အပ်ပါသည်။


