နေပြည်တော် ၃၀ ဇွန်
ယနေ့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးကို ဂုဏ်ပြုကြိုဆိုခြင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည်စတင်ခြင်း အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံ ခရီးစဉ်ဒေသများ၏ ဆွဲဆောင်မှုများကို ပြည်သူ များသိရှိပြီး လည်ပတ်နိုင်ရေး အသိပေးဆောင်ရွက်သည့်အနေဖြင့် “လွတ်လပ်ပေါ့ပါးပျော်ရွှင်ဖို့ မြန်ပြည် အနှံ့ ခရီးဆန့်စို့” ခရီးသွားမြှင့်တင်ရေး Billboard ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဆိုင်းဘုတ်ရှေ့တွင် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း နှင့်အညီ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ညွှန်ကြားရေးမှူးချုပ် များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး Billboard ကိုအမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးသည်။
“လွတ်လပ်ပေါ့ပါးပျော်ရွှင်ဖို့မြန်ပြည်အနှံ့ခရီးဆန့်စို့” Billboard သည် အလျားပေ (၄၀) ၊ အနံပေ (၁၅) ၊ အမြင့် (၂၁) ပေရှိပြီး မြန်မာနိုင်ငံအနှံ့ ထင်ရှားသော ခရီးစဉ်ဒေသများနှင့် နိုင်ငံ ခြားသားခရီးသွားဧည့်သည်များ အများဆုံးလာရောက်လည်ပတ်သည့် ခရီးစဉ်ဒေသများကို ဖော်ပြထားရှိပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ပြည်သူများစိတ်လွတ်ပေါ့ပါး စွာဖြင့် ခရီးသွားလာရန် လှုံ့ဆော်သည့် ရည်ရွယ်ချက်ဖြင့် စိုက်ထူထားရှိခြင်းဖြစ်ကြောင်း သိရ သည်။
(သတင်းစဉ်)


