မလှိုင်      ဇူလိုင်

ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဉပဒေ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က  မန္တလေး တိုင်းဒသကြီး၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းဝေးခန်းမ၌ ကျင်းပ ခဲ့ကြောင်းသိရ သည်

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က  ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဉပဒေ အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက် ကိုရှင်းလင်းပြောကြားခဲ့သည်

ထို့နောက် မိတ္ထီလာ ခရိုင်လူမှုဝန်ထမ်းရုံး ဦးစီးအရာရှိ ဒေါ်ခင်မာထူးက ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဉပဒေ နှင့်ပတ် သက်၍ အသက်(၁၈)နှစ် မပြည့်သေးသူကို  ကလေးသူငယ် သတ်မှတ်ကြောင်း၊ ကလေး သူငယ်အခွင့်အရေး နှင့်ပတ်သက်၍ နိုင်ငံအတွင်းမွေးဖွားသည့် ကလေးတိုင်းခွဲခြားဆက်ဆံခံရမှု မရှိစေရပဲ မွေးဖွား ခြင်းကို အခမဲ့ မှတ်ပုံတင်ခွင့်ရှိကြောင်း၊ မွေးဖွားကြောင်း မှတ်ပုံတင်သည့်ကလေးသူငယ်တိုင်း နိုင်ငံသား ဖြစ်မှုဆိုင်ရာအခွင့် အရေးကို တည်ဆဲဉပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ ရရှိ စေနိုင်ကြောင်း ကလေး သူငယ်များအား ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လစ်လျှုရှုခြင်း၊ ခေါင်းပုံ ဖြတ်အကြမ်း ဖက်ခြင်း တို့ မှ ကာကွယ်ပေးထားခြင်းအကြောင်း ကလေး သူငယ်၏ ကျင့်ဝတ် စည်းကမ်းများနှင့် မိဘအုပ်ထိန်းသူ ဆရာ/ များ၏ တာဝန်ဝတ္တရားများ ကလေး သူငယ်များကို ရိုက်နှက် ပြစ်ဒဏ် ပေးခြင်းအား လုံးဝခွင့်မပြုပဲ တားမြစ်ထားကြောင်း၊ ကလေးသူငယ်ဉပဒေပါအကြောင်းအရာများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကလေးသူ ငယ် မွေးစားခြင်းအကြောင်း တို့ကို ပညာ ပေးဟောပြောခဲ့ကြောင်းသိရသည်  

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ရပ်ကွက်/ကျေးရွာအုပ်စု(၅၆) အုပ်စုမှ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်

အောင်ဌေး(မလှိုင်)