ကသာ    ဇူလိုင်    ၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံး(မုံရွာ)၏ ကွပ်ကဲမှုအောက်ရှိ ကသာမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် ဇူလိုင်လ(၁)ရက် နံနက်(၇)နာရီခွဲက မိုးရာသီသစ်ပင်များကို စုပေါင်း စိုက်ပျိုးကြသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးရာတွင် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများက နှစ်ရှည် သီးနှံပင်များဖြစ်သည့် ပိန္နဲပင်နှင့် မရမ်းပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လေရှီး၊ လဟယ်၊ နန်းယွန်း၊ ကလေးမြို့နှင့် ပင်လည်ဘူးမြို့များမှ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများတွင်လည်း ကောင်း၊ လေရှီး၊ လဟယ်၊ နန်းယွန်း၊ ကလေး၊ ခန္တီး၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးနှင့် စဉ့်ကူးမြို့များရှိ အမျိုးသမီးအိမ်တွင်းမှုကျောင်းများတွင်လည်းကောင်း ရတနာတန်းဝင်အပင်(၅၃၅)ပင်၊ အရိပ်ရလေကာ ပင်(၁၃၀)ပင်နှင့် နှစ်ရှည်သီးနှံပင်(၂၀၅)ပင်၊ စုစုပေါင်းအပင်(၈၇၀) တို့ကို ယနေ့တွင် တစ်ချိန်တည်း တစ်ပြိုင်နက် စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)