မြိတ်   ဇူလိုင်   ၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ(၃၀)ရက် မွန်းလွဲ(၃)နာရီက မြိတ်မြို့နယ်အသင်းရုံးတွင် ကျင်းပခဲ့၍ မိခင်နှင့်ကလေး စောင့်ရှောက်ရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြပြီး မွေးလူနာ(၂)ဦးအား အာဟာရများ ထောက်ပံ့ခဲ့ကြသည်။

ရှေးဦးစွာ မြိတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဉက္ကဌ ဒေါ်သန္တာအေး က အမှာ စကားပြောကြားပြီး မြိတ်မြို့နယ်အသင်းဉက္ကဌ ဒေါ်ဇင်မိုးအေး နှင့် အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။ ထိုနောက် အသင်း၏ရှေ့လုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းကို တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဉက္ကဌနှင့်အဖွဲ့ဝင်များသည် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းတွင် လာရောက်မွေးဖွားလျက်ရှိသည့် မွေးလူနာ(၂)ဦး အား အာဟာရအဖြစ် တစ်ဦးလျှင် ကွေကာတစ်ထုပ်၊ ကြက်ဉ(၁၀)လုံးနှင့် ငွေကျပ်တစ်သောင်းကျပ်စီ ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)