ရမည်သင်း  ဇူလိုင် 

ရမည်းသင်းမြို့နယ် စျေးညောင်ကိုင်းကျေးရွာတွင် မိသားစုစားဝတ်နေရေးအတွက် တစ်ဘက်တစ်လမ်း အထောက်အကူ ပြုစေသည့် ဆူးပုတ်ရွက်ပင်များကိုတစ်ပိုင်တစ်နိုင်  စိုက်ပျိုးလာကြကြောင်း သိရသည်။

ဆူးပုတ်ပင်ကို အပင်‌(၂၀၀) လောက်စိုက်ပျိုးထားရှိကာ စိုက်ပျိုးပြီး () လအကြာတွင် ဆွတ်ခူးရောင်းချရကြောင်း  ဆူးပုတ်ရွက်ကို နှစ်ရက် တစ်ကြိမ် ဆွတ်ခူးရပြီး တစ်ရက်ကိုအ‌စီးရေ (၁၀၀)ကျော် ထွက်တယ်  ရာသီဥတုပေါ်မှုတည်ပြီး  ရေလောင်းခြင်းနှင့် ဆေးဖျန်းပေးရကြောင်း သိရသည်။                         

ဆူးပုတ်ရွက်တစ်စီးကို (၁၀၀)ကျပ်နှုန်းဖြင့် ရမည်းသင်းစျေးတွင် ဖောက်သယ်သွင်းရောင်းချသလို ကိုယ်တိုင်လည်း ရောင်းချပြီးဆူးပုတ်ရွက်ကို အကုန်မညှပ်ပဲ စျေးကောင်းတဲ့အချိန်ဖမ်းညှပ်သလို ပုံမှန်ဝင်ငွေရ အောင်လည်း ထိန်းညှပ်ရတာလည်းရှိကြောင်းနှင့် ထိုနယ်တစ်ဝိုက်တွင်လည်း  ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိိုးလာကြကြောင်း ဆူးပုတ်စိုက်ပျိုးသူ ဦးထက်ခိုင် ထံကသိရသည်။

ရန်နိုင်ထွန်း (ခရိုင်ပြန်/ဆက်)