ရန်ကုန်  ဇူလိုင်     ၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၊ရပ်ကွက်များအတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ(၁၀၄)ဦးကို Swabယူ စစ်ဆေးရာ (၆၂)ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မ တီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီ အသင်း၊ တွဲလက်လူမှုကူညီရေးသင်းနှင့်စိန်ရတနာနာရေးကူညီမှုအသင်းများရှိ တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ရပ်ကွက်များအတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ(၁၀၄)ဦးကို သွားရောက် ခေါ်ဆောင်ကာ အင်းစိန်(GTI) Quarantine Center(၃) တွင် Swabယူ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး (၆၂)ဦး တွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ ရှိသည့်သူများကို နေ့အိမ်တွင် Home Quarantine ထားရှိမည်ဖြစ်ရာ ဒုတိယအကြိမ် Swab ယူ ပြန်လည်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့်(၆၂)ဦးအား တာဝန်ရှိသူများက အင်းတိုင် ကုတင် (၁၀၀) ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာသို့ ပို့ဆောင်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းများနှင့်တာဝန်ရှိသူများက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)

mdn