မြိုင်      ဇူလိုင်   ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ (၃၁)ဦး ရှိပြီးဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် ကျန်းမာရေးဌာနတို့၏ အတည်ပြုချက်အရသိရသည်။

မြိုင်မြို့နယ် ဗဟင်းကျေးရွာအုပ်စု ဗဟင်းကျေးရွာတွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုး
ကူးစက်ခံရသူ ၂၄ ဦး တွေ့ရှိထားခဲ့ရာ ဇွန်လ ၃၀ ရက်နေ့က ကွန်းတောကျေးရွာတွင် ကူးစက်ခံရသူ
၂ ဦး နှင့် ဇူလိုင်လ ၁ ရက်နေ့က ဗဟင်းကျေးရွာတွင် ကူးစက်ခံရသူ ၅ ဦး တို့ ထပ်မံတွေ့ရှိခဲ့ပြီး မြို့နယ်
အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသူ ၃၁ ဦး ရှိပြီဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် မြို့နယ် ကျန်းမာရေးဌာနတို့၏ အတည်ပြုချက်အရသိရသည်။ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး အများဆုံး
တွေ့ရှိသည့် ဗဟင်းကျေးရွာအား ဇွန်လ ၁ ရက်နေ့က ပခုက္ကူမြို့၊ စေတနာ ပရဟိတ အဖွဲ့မှ ပိုးသတ်ဆေး
များ လိုက်လံဖျန်းပေးခဲ့ကြောင်းလည်းသိရသည်။

သူရ(ပုံတောင်)

3