မြစ်ကြီးနား ဇူလိုင် ၁
မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ မြို့တော်ခန်းမတွင် ဇွန် ၃၀ ရက် ညနေ ၄ နာရီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဉပဒေပုဒ်မ (၂၅) များဖြင့် ဆူပူဆန္ဒပြမှု ဖြစ်စဉ်တွင်ရေးဖွင့်ထားသောအမှုများထဲမှ အချုပ်ဖြင့် ရဲစစ်ဆေးဆဲ/ တရားရုံးစစ်ဆေးဆဲ တရားခံများမှ ပြန်လည်လွှတ်ပေးသင့်သည့်တရားခံများအား ပြန်လည်လွှတ်ပေးသည့်အခမ်းအနားကျင်းပသည်။
အခမ်းအနားတွင် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေးက ပြန်လည်လွှတ်ပေးမည့်တရားခံများအား အမှာစကားပြောကြားခဲ့ပြီးပြစ်မှုမှလျော့ပေါ့ကင်းလွှတ်ခွင့် ပြုထားခြင်းအပေါ် ကောင်းမွန်စွာနေထိုင်ရန် ဂတိခံဝန်ချုပ်တွင် လက်မှတ်ရေးထိုးစေခြင်းများ ဆောင် ရွက်စေပြီး တရားခံများအား ညနေ ၇ နာရီ အချိန်ခန့်တွင် လွှတ်ပေးခဲ့သည်။ အဆိုပါအခမ်းအနားတွင် တရားစွဲဆိုခံထားရသူ တရာခံ ကျား(၉၅)ဦး မ (၅၀) စုစုပေါင်း (၁၄၅)ဦးအား ပြန်လည်လွှတ်ပေး ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)၏


