ထန်တလန်              ဇူလိုင်           

ချင်းပြည်နယ်၊ ထန်တလန်မြို့၊အမှတ်()ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ အရေးပေါ်တုံ့ပြန်ရေး နှင့်ထိန်းချုပ်ရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက် လူမှုရေးအဖွဲ့အစည်း များ ပူးပေါင်း၍ ယနေ့ နံနက် ၈နာရီတွင်  ကိုဗစ်-၁၉ ရောဂါသံသယရှိသူ(၂၈)ဦးအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခဲ့ရာ ()ဦးထံမှ ရောဂါပိုးတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုး ရှိသူ လူနာများအား အခြားသူများနှင့် ထိတွေ့မှုမရှိစေဘဲ ၎င်းတို့၏နေအိမ်၌ Home Quarantine ထားရှိကာ ၎င်းနေအိမ်များအား အသွားအလာကန့်သတ်ထားရှိပြီး မိမိတို့ နေအိမ်၌သာ ကျန်းမာရေးစောင့်ရှောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ထန်တလန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ စစ်ဆေးခြင်းကို ဇွန်လ (၁၇)ရက်နေ့မှ ယနေ့ ဇူလိုင်  ရက်နေ့အထိ သံသယရှိသူ(၁၈၁)ဦးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ပိုးတွေ့လူနာ ပေါင်း(၅၂)ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)