နေပြည်တော် ဇူလိုင် ၁
သင်တန်းကျောင်းအသီးသီးရှိ အမှုရင်ဆိုင်ဆဲကလေးသူငယ်များနှင့် စပ်လျဉ်း၍ တရား စွဲ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး” ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က အချို့သင်တန်းကျောင်းများတွင် နေရာ၊ ဒေသအနေအထားအရ နေ့စဉ်စားဝတ်နေရေးကိစ္စရပ်များ ဆောင်ရွက်ပေးရာတွင် အခက်အခဲ များရှိသော်လည်း အဆင်ပြေအောင် ဆောင်ရွက်နိုင်ပါကြောင်း။
ယခု ကိုဗစ်-၁၉ ကာလအတွင်း သက်ဆိုင်ရာတရားရုံးများသို့ ရုံးထုတ် ဆောင်ရွက် နိုင်ခြင်းမရှိသေးသော အမှုရင်ဆိုင်ဆဲကလေးသူငယ်များအတွက် တရားရုံးမိန့်များ အမြန်ဆုံး ချမှတ်ပေးနိုင်ရန် သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်နိုင် ရန်လို အပ်ပါကြောင်း။
သက်ဆိုင်ရာမြို့နယ်၊ ခရိုင်များအလိုက် ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေး သူငယ်များနှင့်စပ်လျဉ်း၍ သင်တန်းကျောင်း သို့မဟုတ် ယာယီ စောင့်ရှောက်ရေး ဂေဟာများ ဖွင့်လှစ်ရန် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေတွင် ပြဋ္ဌာန်းထားရှိ သော်လည်း လိုအပ်ချက်အပေါ် မူတည်၍လည်းကောင်း၊ ကလေးသူငယ်များအနေဖြင့် အနီးစပ်ဆုံး တရားရုံး များတွင် အမှုရင်ဆိုင်နိုင်ရေးအတွက်လည်းကောင်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ သင်တန်းကျောင်းအသီးသီးမှ အမှုရင်ဆိုင်ဆဲ ကလေးသူငယ်များအတွက် စီမံချက်ရေးဆွဲ၍ လက်တွေ့ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဖော်ထုတ်ပြီး ကလေး သူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖြည့်ဆည်းပံ့ပိုးပေးရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေကို ပြင်ဆင်ရာတွင် အလွှာပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ကလေး သူငယ်များအတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာ တိုင်းဒေ သကြီး/ ပြည်နယ်ဦးစီးမှူးများ၊ သင်တန်းကျောင်းအသီးသီးမှ တာဝန်ခံများ၊ ကျောင်းအုပ်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
(သတင်းစဉ်)


