ပုလဲ  ဇူလိုင်     ၂ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ တောင်ပိုင်းရပ်ကွက်၊ မြသိန်းတန်ဓမ္မာရုံ၌ ဇူလိုင် ၁ရက်တွင်  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ  မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးညီညီက လက်ရှိဇာတိမှာ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးရန်၊ လက်ရှိဇာတိဒေသမှာ အမြဲတမ်း နေထိုင်၍   အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးရန်၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသမှာ အိမ်ထောင်စု လူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသမှာ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးရန်၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသမှာ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသမှာလည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးရန်စသည့် ရည်ရွယ်ချက်များဖြင့် ပန်းခင်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ပုလဲမြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး  ကတ်ပြားများ  ပြုလုပ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးရဲအောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မင်းခန့်စိုး(ဇေယျာမြေ)

mdn