မိုးမိတ် ဇူလိုင်    ၂ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်  မိုးမိတ်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၉ ရက်က ဆောင်ရွက်ခဲ့ပြီး ယနေ့ ဇူလိုင် ၂ ရက်တွင် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသေသော ဌာနဆိုင်ရာဝန်ထမ်း (၁၈၃) ဦးအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ထိုးနှံရာတွင် ရှေးဦးစွာ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ စာရင်းသွင်းခြင်းတို့ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပြီးနောက် မိနစ်(၃၀) စောင့်ကြည့်ခြင်းတို့ကို Social Distancing နှင့်အညီ ဆောင်ရွက်ခဲ့ပြီး ကိုယ်ဝန်ဆောင်များနှင့် လတ်တလောဖျားနာနေသူများကို  ကာကွယ်ဆေးထိုး နှံပေးခြင်း မရှိကြောင်းနှင့် ကာကွယ်ဆေးထိုးပြီးသွားလျှင်လည်း ပေါ့ပေါ့ဆဆမနေသင့်ဘဲ နှာခေါင်းစည်းတပ်ခြင်း၊ အပြင်မှ ပြန်လာလျှင် လက်ဆေးခြင်းတို့အပြင် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း နှင့် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်လူနာ(၁၅)ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ သိရသည်။

မိုးမိတ်သား(စည်သူဌေး)

mdn