ခင်ဦး ၊ ၂  ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ အသက်  ၈၀ နှင့် အထက် အဘိုး၊ အဘွား နှစ်ဦး အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၅) ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။

 

ကိုဗစ်-၁၉ အတည်ပြုလူနာ (၅) ဦးမှာ တပင်ကောင်း (တောင်) ကျေးရွာမှ ကိုဗစ်-၁၉ ပိုးတွေ့သေဆုံးသူနှင့် ထိစပ်သူ အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၂) ဦးမှာ ကိုဗစ်-၁၉ လက္ခဏာတွေ့ရသဖြင့် ဇူလိုင် ၁ ရက်နေ့က မြို့နယ်ကြက်ခြေနီအသင်းမှ ခေါ်ယူ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ခဲ့သည်။

 

ထို့နောက် ဇူလိုင်လ ၂ ရက် နံနက်ပိုင်းတွင် အသက်  ၈၀ ရှိ အဘိုးနှင့် အသက် ၈၆  နှစ် အဘွား အပါအဝင် စုစုပေါင်း ၅ ဦးကို RDT Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း သိရသည်။

 

ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ၁၃ ဦး ရှိပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင်  ထားရှိကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)