ရှမ်းရွာသစ်   ဇူလိုင်    ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိကလေးငယ်များ ကျန်းမာရေးအသိပညာဗဟု သုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍  ယနေ့နံနက်(၉)နာရီအချိန်ခန့်တွင် ရှမ်းရွာသစ်မြို့တိုက်နယ်ဆေးရုံ၌ အသက်နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ရှမ်းရွာသစ်မြို့တိုက်နယ်ဆေးရုံမှဝန်ထမ်းများနှင့် ကျေးလက် ကျန်းမာရေးဌာနမှ ဝန်ထမ်းများတို့က မြို့ပေါ်(၄)ရပ်ကွက်၊ မဲကတောခီးကျေးရွာနှင့် ဘောဘောခီးကျေးရွာရှိ ကလေးငယ်များ ကူးစက်ရောဂါတို့မှကာကွယ်ရန်နှင့်   ကျန်းမာရေးအသိရှိစေရန်အတွက် ကျန်းမာရေး အသိပညာပေးခြင်း၊ အသက်နှစ်နှစ်အောက်ကလေးငယ်များအား ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အရပ်တိုင်းပေးခြင်း၊  အသည်းရောင် အသားဝါ(ဘီ)ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ရိုတာဗိုင်းရပ်စ်ရောဂါနှင့် ဝက်သက် ရောဂါတို့မှ ကင်းဝေးစေရန် အသက်ပိုင်းခြားအလိုက် ကာကွယ်ဆေးများထိုးပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)