ပန်းတနော်  ဇူလိုင်   ၂

၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ်တွင် ပန်းတနော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံ မော်တော်ဆိုင်ကယ် ပြုပြင်နည်းသင်တန်းကို ကျုံတုံးကလေးကျေးရွာအုပ်စု အစုကြီးကျေးရွာတွင် ဇူလိုင် ၁ ရက် နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပန်းတနော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇေယျာနိုင်က ကျေးလက်နေ ပြည်သူများ လက်မှုအတတ်ပညာသင်ယူတတ်မြောက်စေရန် ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံမော်တော်ဆိုင်ကယ်ပြုပြင်နည်းသင်တန်း ဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် အစုကြီးကျေးရွာ၊ ကြွက်နီကုန်းကျေးရွာ၊ တလိုင်းစုကျေးရွာ၊ ကျုံတုံးကလေးဘုရားကြီးဘက်ကျေးရွာ၊ မယ်သီလကုန်းကျေးရွာ၊ ဆပ်သေကျေးရွာ၊ အင်းမကျေးရွာ စုစုပေါင်း (၇)ရွာမှ သင်တန်းသား (၂၅)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင် ၁ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)