ပင်လည်ဘူး ၂ ဇူလိုင်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ မုံရွာကွပ်ကဲမှုအောက်ရှိ ပင်လည်ဘူးမြို့နယ်၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး လူငယ်သင်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၇ နာရီခွဲက မိုးရာသီကာလ သစ်ပင်စိုက်ပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျောင်းအုပ်ဆရာကြီး ဦးနိုင်းလိန်းဟုန်းက ပျိုးပင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ပေးဝေခဲ့ပြီးနောက် ကျောင်းဝင်းအတွင်း၌ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခန္တီး၊ လေရှီး၊ လဟယ်၊ နန်းယွန်း၊ ကလေးမြို့များမှ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများတွင် လည်းကောင်း၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ခန္တီး၊ လေရှီး၊ လဟယ်၊ နန်းယွန်း၊ ကလေး၊ ကသာမြို့ များရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင်လည်းကောင်း ရတနာတန်းဝင် အပင် (၅၃၅) ပင်၊ အရိပ်ရလေကာ ပင် (၁၃၀) နှင့် နှစ်ရှည်သီးနှံပင် (၂၀၅) ပင်၊ စုစုပေါင်းအပင် (၈၇၀) တို့ကို ဇူလိုင် ၁ ရက်နေ့တွင် တစ်ချိန်တည်း တစ်ပြိုင်နက် စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
အေးဝင်းခိုင်


