မန္တလေး ဇူလှိုင် ၂

 

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ကိုသည် ယနေ့ နံနက် ၁ဝ နာရီက ကိုဗစ် အတည်ပြုလူနာများကိုကျန်းမာ  ရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ပြင်ဆင်နေသည့် ခုတင် ၅၀၀ အရိုးအထူးကုဆေးရုံကြီးသို့ ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ချမ်းမြသာစည်လေဆိပ်ဟောင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းထားသည့် ၂၀၄ ခုတင်ဆံ့ ကိုဗစ်ကုသရေးစင်တာ တည်ဆောက်နေသည့်လုပ်ငန်းခွင်သို့ ရောက်ရှိပြီး မန္တလေးမြို့တော်ဝန်နှင့် တာဝန်ရှိသူများက တည်ဆောက်နေမှုများကိုရှင်းလင်းတင်ပြရာ ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် ကော်မတီဥက္ကဋ္ဌက လေဒဏ်မိုးဒဏ်ခံနိုင်ပြီး အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရေး၊ အဝင်အထွက်လမ်းများ၊ နားနေဆောင်များနှင့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်မည့်နေရာများကို စနစ်တကျ သတ်မှတ်သွားရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးမှာကြားကာ ကိုဗစ် ကုသရေးစင်တာကို စက်ယန္တရားအင်အား၊ လူအင်အားတို့ဖြင့် တည်ဆောက်နေမှုကို လိုက်လံကြည့်ရှုသည်။

 

ta

 

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို နှီးနွယ်ဌာနများဖြင့် အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ မန္တလေးတိုင်းရင်းဆေးရုံကြီး၊ ၆၂လမ်း သံဃာ့ဆေးရုံကြီး၊ မန္တလေး အလုပ်သမားဆေးရုံကြီး၊ ဇီဝိတဒါနသံဃာ့ဆေးရုံ(ကန်တော်ကြီး)တို့တွင် ကိုဗစ်အတည်ပြုလူနာများကို ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း၊ ယခုကုသရေးစင်တာ တည်ဆောက်နေမှုများပြီးသွားပါက ပိုမိုကုသဆောင်ရွက်ပေး သွားနိုင်မည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ လိုအပ်မည့်ကျန်းမာရေးဝန်ထမ်းများ၊ Volunteer Teamများ နှင့် အခြားလိုအပ်မည့်ကိစ္စရပ်များကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)