နေပြည်တော် ဇူလိုင် ၂

 

 ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်းများ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တက်ရောက်ကြည့်ရှု အားပေးသည်။

 

sp

 

           

ယနေ့ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေး ကွင်း(၁)နှင့် ကွင်း(၃)တို့၌ အုပ်စု(က) နောက်ဆုံး ပွဲစဉ်ဖြစ်သော ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ် အသင်းက (၆)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီး အသင်းက (၃)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြပြီး ကွာတားဖိုင်နယ်ပွဲစဉ်သို့ ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ တက်ရောက်သွား ကြောင်း သိရှိရသည်။

 

ထို့အတူ ဇူလိုင် ၃ ရက် ပွဲစဉ်များအဖြစ် နံနက် ၇ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း(၃)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း(၁)နှင့် ကွင်း(၃)တို့၌ မွန်ပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်း၊ မကွေးတိုင်း ဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ ဘောလုံး အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့ လာ‌ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

(သတင်းစဉ်)