ဟိုပုံး  ဇူလိုင် ၃

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၁ ခုနှစ်  မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၃ ရက် နံနက်ပိုင်းက လွယ်အွန့်ကျေးရွာအုပ်စု၊ စခွီကျေးရွာတွင် ပြုလုပ်သည်။

 

သစ်ပင်စိုက်ပျိုးပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်သိုက်ဝင်းက မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေကို လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်သူကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ဒေသခံ  တစ်ဦးကိုလည်းကောင်း စိုက်ပျိုးမည့်ပျိုးပင်များအား အသီးသီးပေးအပ်သည်။

 

ထို့နောက် တက်ရောက်လာကြသူများနှင့် ဒေသခံပြည်သူများက ထောပတ် အပင် ၁၀၀၊ ရေသင်းဝင် အပင် ၁၀၀၊ မဟော်ဂနီ အပင် ၁၀၀၊ ခါတော်မီ အပင် ၁၀၀၊ မယ်ဇလီ အပင် ၁၀၀၊ စိန်ပန်းနီ အပင် ၅၀၊ စိန်ပန်းပြာ အပင် ၅၀ တို့ကို စိုက်ပျိုးခဲ့ကြပြီး သစ်ပင်စိုက်ပျိုးမှုများကို ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

 

ဟိုပုံး(ပြန်/ဆက်)