ညောင်ဦး       ဇူလိုင်  ၃

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ ရွှေတွင်းရပ်၊ သာယာဝတေ့ဘုရားအနီးတွင် ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းက ထနောင်းပင်လဲကျပြီး ကားလမ်းပိတ်စို့နေခြင်းကြောင့် ညောင်ဦး ခရိုင်၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပုဂံနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းပေးခဲ့ကြောင်းသိရသည်။

 

အဆိုပါထနောင်းပင်ကြီးသည် လုံးပတ် သုံးပေခန့်၊ အရှည် ၃၅ ပေခန့်ရှိပြီး မိုးရွာ၊ လေတိုက်ခြင်းမရှိပဲ လဲကျခဲ့ခြင်းဖြစ်ရာ ပုဂံ- ချောက်မြို့သွား ကားများ၊ မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွား၍မရဘဲ လမ်းပိတ်စို့နေခြင်းကြောင့် ညောင်ဦး ခရိုင်၊မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ပုဂံမီးသတ်စခန်းမှ ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ရာ ညနေပိုင်းတွင် ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ကြောင်း ပုဂံနယ်မြေ ရဲတပ်ဖွဲစခန်းမှ  သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)