မြောက်ဦး      ဇူလိုင်  ၃

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးအတွက် ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ် ပြည်သူ များအား နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာရေးနှင့် ကူးစက်ရောဂါများ ကြိုတင်ကာ ကွယ်နိုင်ရန်ရည်ရွယ်၍ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာရေး စစ်ဆေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို ဇူလိုင် ၃ ရက် နံနက်ပိုင်းက မြို့အဝင်အထွက် အလယ်ဈေးတံတား Check Point ၌ ပြုလုပ်ခဲ့သည်။

 

Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဆန်းထွန်း ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေ နီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကျေးစာရေးဝန်ထမ်းများ ပူးပေါင်း၍ ပြည်သူများအား ပါးစပ်နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်သွားလာရေးနှင့် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအား အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။

 

ထို့အပြင် မြောက်ဦးမြို့နယ်အနေဖြင့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအဖြစ် မြို့အဝင်အထွက် ကျန်းမာရေးစစ်ဆေးရေး ဂိတ်များအား ပြန်လည်ဖွင့်လှစ်ထားရှိပြီး လိုအပ်သောကျန်းမာရေးစစ်ဆေးမှုများ ဆောင် ရွက်လျက်ရှိရာ မြို့နယ်အတွင်းလာရောက်ကြသော ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ် လာသူများ၊ လမ်းသွားလမ်းလာများနှင့် အငှားယာဉ်မောင်းနှင်သူများကို အပြင်ထွက်လျှင်ပါးစပ်နှင့် နှာခေါင်း စည်းတပ် ဆင်သွားလာကြရန်နှင့် နှာခေါင်းစည်း(Mask) မပါရှိသူများအား ပါးစပ် နှာခေါင်းစည်း (Mask) ခုရေ ၅၀၀ အား  အခမဲ့ဖြန့်ဝေပေးခဲ့သည်။

 

ခင်မောင်ထွန်း(ပြန်/ဆက်)