ဒေးဒရဲ ဇူလိုင် ၄

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကူးစက်ပျံ့နှံ့မှု မရှိစေရေးနှင့် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက ပါးစပ်နှာခေါင်းစည်း တပ်ဆင်သွားလာသည့် အလေ့အကျင့်ဖြစ်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီမှစတင်၍ လူစည်ကားရာနေရာများတွင် ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ လူသားချင်း စာနာမှု အကူအညီပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်ကြစေရေး၊ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြစေရေး အသိပညာပေး ပြောကြားခဲ့ပြီး ဈေးရောင်း၊ ဈေးဝယ်လာသူများ၊ ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာများအား ပါးစပ်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ဦးအောင်ဇော်ဦး (lucky Seven) မိသားစုက လှူဒါန်းသည့် ပါးစပ်နှားခေါင်းစည်း ၂၅၀၀ အား အခမဲ့ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ရွှေဒေးသူ

mdn