နေပြည်တော်  ဇူလိုင် ၅

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရုံးအမှတ် (၁၉) သီရိရတနာခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ  ကျင်းပသည်။

 

အခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက “တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် ပညာတတ် လူသားအရင်းမြစ်များ လိုအပ်မည်ဖြစ်ပြီး အခြေခံမှာ အတန်းပညာ တတ်မြောက်ရန်ပင်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍသည် အရေးကြီးကြောင်း” ကို လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မူလတန်းမှ အထက်တန်းအဆင့်ထိ တက်ရောက်မည့် ကျောင်းသား/ ကျောင်းသူများအတွက် နိုင်ငံတော်အစီအစဉ်ဖြင့် အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက် ပေးနေသကဲ့သို့၊ ဝန်ကြီးဌာနအနေဖြင့်လည်း တစ်ဖက်တစ်လမ်းက ပညာသင်ထောက်ပံ့ကြေးများ ပံ့ပိုးပေးခြင်းကြောင့် ကျောင်းသား/ကျောင်းသူများ၏ ပညာရေးအတွက် အထောက်အကူဖြစ်စေနိုင်မည် ဖြစ်ကြောင်းနှင့် နိုင်ငံတော်အတွက်လိုအပ်သော သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားသွားရန်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၏ ဆေးတက္ကသိုလ်/ နည်းပညာတက္ကသိုလ်/ ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူ (၁၆၆) ဦး၊ အထက်တန်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူ (၄၈)ဦး၊ အလယ်တန်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူ (၇၁) ဦး၊ မူလတန်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ (၁၃၉) ဦး၊ စုစုပေါင်း (၄၂၄) ဦး၏ ပညာသင်ထောက်ပံ့ကြေးများကို ကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်