ကျိုက်ထို ဇူလိုင် ၆
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် နေရာလိုအပ်ချက်အရ မြို့နယ်စီမံအုပ်ချုပ်ရေး၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ကျိုက်ထိုမြို့ ဖက္ကလိပ်ကျေးရွာအုပ်စုရှိ အောင်ဆန်း အားကစားခန်းမ၌ လူနာ ၆၀ အတွက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးစင်တာအဖြစ် မြို့နယ်အဆင့်ကော်မတီက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ဇူလိုင် ၅ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၃ ဦးရှိပြီ သေဆုံးသူ တစ်ဦး၊ ဆေးရုံဆင်းခွင့်ရ လူနာမရှိသေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။
၀င်းမောင်(ကျိုက်ထို)


