ကျောက်ဖြူ    ဇူလိုင်    ၆

ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း တတိအကြိမ်မြောက် ဖွင့်လှစ်ခြင်းကို ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇူလိုင် ၆ ရက် နံနက် ၁၀ နာရီက ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆင့်က သင်တန်းတွင် ဘာသာရပ်ရှစ်ခုဖြင့် ရေယာဉ် ပဲ့နင်းများနှင့် ရေလုပ်သားများအတွက် အထောက်အကူပြု အကျိုးပြုမည့်ဘာသာရပ်များကို ပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ သင်တန်းကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နှစ်ရက်တာ သင်ကြားပို့ချခြင်းဖြစ်ပြီး သင်တန်းသုံးကြိမ်တွင် သင်တန်းသား ၉၀ ပို့ချပေးပြီးဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိ ရသည်။

ဖြိုးဝေလင်း၊ တင်ထွန်းဦး(ပြန်/ဆက်)

mdn