လေးမျက်နှာ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အားကစားခန်းမတွင် ဇူလိုင် ၆ ရက် ညနေပိုင်း၌ ၂၀၂၁ ခုနှစ်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP) အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဖူဆယ်ဘောလုံးပြိုင်ပွဲမှ ဆုရရှိကြသော အားကစားအသင်းများကို ဆုများချီးမြှင့်ရာ ပထမဆုရရှိသော (အ.ထ.က-နင်းကြမ်း) အသင်းအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်မှ တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုအားလည်ကောင်း၊ ဒုတိယဆုရရှိသော (အ.ထ.က(ခွဲ)ခြောက်ဆယ်) အသင်းအား လေးမျက်နှာမြို့နယ် ရဲမှူးအောင်ဆွှေသိန်းမှ လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း၊ တတိယဆုရရှိသော (အ.ထ.က-လေးမျက်နှာ) အသင်းအား မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးအောင်ဇာလှမှ လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားအသင်းများကို ဆုချီးမြှင့်ရာ ပထမဆုရရှိသော (အ.ထ.က-ရှမ်းရွာ) အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လ.ဝ.က ဦးစီးမှူး ဦးကျော်မြင့်ဦးမှ ငွေသားဆုကိုလည်ကောင်း၊ တံခွန်စိုက်ဆုဖလားအား ဗိုလ်မှူးရဲရင့်နောင်မှ လည်းကောင်း၊ ဒုတိယဆုရရှိသော (အ.ထ.က လေးမျက်နှာ-၁) အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင် ဦးတင်ဦးမှ လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တတိယဆုရရှိသော (အ.ထ.က(ခွဲ)ခြောက်ဆယ်) အသင်းအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးကျော်သူမှ လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အားကစားမှူး ဦးတေဇာမျိူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြို့နယ်အားကစား ဆပ်ကော်မတီအဖွဲ့ဝင်များ၊ အားကစားသမားများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)
