တနိုင်း ဇူလိုင် ၇
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင်လ(၆)ရက် နံနက်(၁၀)နာရီခွဲမှ စတင်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအနေဖြင့် လိုက်နာရမည့်အချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် တနိုင်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်(၃၆)ဆိုင်အား တနိုင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်ချိုသက်မာ ဦးဆောင်ပြီး ကွင်းဆင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များအား ရှင်းလင်းပြောကြားခြင်း၊ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရေးကြပ်မတ်ခြင်း၊ စာဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)


