mdn

ရန်ကုန် ၇ ဇူလိုင်  

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ (၁၃) ရပ်ကွက်၊ ကောလိယလမ်းရှိ ကျိုက္ကဆံ ချောင်း ရေစီးရေလာကောင်းမွန်စေရန်အတွက်   ချောင်းအတွင်း အမှိုက်၊ ဒိုက်၊ ဗေဒါနှင့် နုန်းများ တူးဖော်ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ပိတ်ဆို့နေသည့် အတား အဆီးများ ဖယ်ရှားရှင်းလင်းရန်နှင့် ကျိုက္ကဆံချောင်းကို ချဲ့၍ရသမျှချဲ့သွားရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက် အောင်သပြေရဲ ရိပ်သာ ဝင်းအတွင်းရှိ ဆည်မြောင်းချောင်းသို့ရောက်ရှိပြီး ဆည်မြောင်းချောင်းအတွင်း ၂၁  တန် Amphibious Excavator  ဖြင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှု၊ ချောင်း အတွင်းမှ နုန်းများ၊ အမှိုက်များ ဆယ်ယူနေမှုနှင့် ရေစုကန်တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။ 

 

(သတင်းစဉ်)