နေပြည်တော် ၇ ဇူလိုင်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်းများ၌ ယနေ့ ဆက်လက်ကျင်းပသည်။
ဘောလုံးပြိုင်ပွဲများသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော် ထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။
ယနေ့ ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက (၂)ဂိုး ဂိုး(မရှိ)ဖြင့်လည်း ကောင်း၊ မွန်းလွဲ ၃ နာရီတွင် ကရင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း တို့ ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အသင်းက (၁)ဂိုး ဂိုး(မရှိ) ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။
ဇူလိုင် ၈ ရက်တွင် ပြိုင်ပွဲများရပ်နားပြီး ဇူလိုင် ၉ ရက်၌ တတိယလုပွဲအဖြစ် နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ မကွေးတိုင်းဒေသကြီး အသင်းနှင့် မန္တလေးတိုင်းဒေသကြီအသင်း၊ မွန်းလွဲ ၃ နာရီတွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြ မည်ဖြစ်ပြီး ပြိုင်ပွဲယှဉ်ပြိုင် ကစားနေမှုများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV Channel ၊ MRTV Sports Channel နှင့် မြန်မာ့အသံရေဒီယိုအစီအစဉ်တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသ သွားမည်ဖြစ်ပြီး ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စား သော မိဘပြည်သူများ အနေဖြင့် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်းအတွင်းသို့ အခမဲ့ လာရောက်ကြည့်ရှု နိုင်ပါကြောင်း သိရသည်။
(သတင်းစဉ်)



