mdn

နေပြည်တော် ၇ ဇူလိုင်

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်နှင့် ဒေါ်သန်းသန်းဆွေတို့သည်  ယနေ့ မွန်းလွဲ ၁ နာရီတွင် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေး မှူးချုပ်၊ နိုင်ငံခြား သုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (A.D) လိုင်စင်ရဘဏ်များ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့်  ဗီဒီယိုကွန်ဖရင့်ဖြင့် အစည်းအဝေး ပြုလုပ်သည်။

အစည်းအဝေးတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာကိစ္စ၊ နိုင်ငံခြားငွေလို အပ်ချက်အား ဖြည့်တင်းပေးနိုင်ရန် Auction ခေါ်ယူ၍ A.D ဘဏ်များသို့ ရောင်းချပေးခဲ့သည့်ကိစ္စ၊ နိုင်ငံခြား ငွေရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်းဆိုင်ရာကိစ္စ၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းဆိုင်ရာကိစ္စ၊ ပို့ကုန် ရငွေ ပြန်လည်ဝင်ရောက်ရေးဆောင်ရွက်ချက်များနှင့် နိုင်ငံခြားငွေများ မလိုအပ်ဘဲ ဝယ်ယူစု ဆောင်းခြင်းမပြုရေး၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မတန်တဆ မြင့်မားလာခြင်းသည် အခြေခံ စားကုန်များ ဈေးတက်လာနိုင်မည်ဖြစ် သည့်အတွက် ဝိုင်းဝန်းထိန်းသိမ်းရေး၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေချိန်တွင် နိုင်ငံခြားငွေလဲလှယ်နှုန်း မတည် မငြိမ်ဖြစ်ပေါ်နေမှုကို ထိန်းသိမ်း၍ စည်းကမ်းနှင့်အညီ ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)