မောက်မယ် ဇူလိုင် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအသက် (၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို နမ့်ယွမ်းဂေါက်ကွင်းတွင် ဇူလိုင် ၇ ရက် ညနေပိုင်း(၃)နာရီခွဲက ကျင်းပခဲ့သည်။
ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇူလိုင် ၃ ရက်မှ ၇ ရက်အထိ ဘောလုံးအသင်း (၁၂)သင်းဖြင့် နမ့်ယွမ်းဂေါက်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲစဉ်ကို ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိများ၊ မြို့နယ်အားကစားကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့် ပြိုပွဲဝင်အားကစားများ တက်ရောက်ခဲ့သည်။
ဗိုလ်လုပွဲတွင် ဟင်းပေါင်းလူငယ်အသင်းနှင့် ဆီဆုံလူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဟင်းပေါင်း လူငယ်အသင်းက ၄ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရသဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား တံခွန်စိုက်ဒိုင်းကို ဆွတ်ခူးနိုင်ခဲ့သည်။ ဘောလုံးပြိုင်ပွဲ ပထမဆုကို ဟင်းပေါင်းလူငယ်အသင်း၊ ဒုတိယဆုကို ဆီဆုံလူငယ်အသင်းက ဆွတ်ခူးရရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်၊ မြို့နယ်အားကစားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မြို့နယ် အား/ကာမှူးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)
