မော်လမြိုင် ဇူလိုင် ၈

မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ရှိ ပရိယတ္တိဓမ္မဗိမာန်တော်ကြီးတွင် ဖွင့်လှစ်ထားသည့် Isolation Ward တွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာများ ထားရှိမည့်အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ကိုဗစ်-၁၉ ရောဂါသည် လက်ရှိအနေအထားအရ ပြည်တွင်းကူးစက်မှုနှုန်း မြင့်တက်လာပြီးဖြစ်သည့်အတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ဆောင်ရွက်နိုင်ရန် စပ်လျဉ်း၍ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဒေါက်တာနန္ဒဝင်းက လူနာများထားရှိရန် ခုတင် (၁၂၅)ခု ပြင်ဆင်ထားရှိမှုအခြေအနေနှင့် ပုဂ္ဂလိကဆေးရုံများမှ ဆရာဝန်၊ သူနာပြုများ၊ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်၊၊ 

အလားတူ မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့အတည်ပြုလူနာထားရှိရန် မော်လမြိုင်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီး Isolation Ward-1 တွင် ခုတင်(၁၀၀)၊ Isolation  Ward-3 တွင် ခုတင်(၂၅၀)၊ မော်လမြိုင်တက္ကသိုလ် ထားဝယ်ဆောင်တွင် ခုတင်(၁၅၀)၊ ကော့ကရိတ်ဆောင်တွင် ခုတင်(၁၅၀)၊ ဘားအံဆောင်တွင် ခုတင်(၁၂၀)နှင့် မော်လမြိုင်ဆောင်တွင် ခုတင်(၁၅၀)တို့ကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)