ရန်ကုန်  ဇူလိုင်  ၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ တားဆီးကာကွယ်‌ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်၍ ရောဂါကုသရေးစင်တာကို စတင်ဖွင့်လှစ် ကုသဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။

ရှေးဦးစွာ ကုသရေးစင်တာတွင် ထားရှိမည့် ရောဂါကူးစက်ခံထားရသူများနှင့် ထိစပ်ခဲ့သူများအား ကျန်းမာရေးပြန်လည်ကောင်းမွန်စေရန်အတွက် လိုအပ်သော အောက်စီဂျင်နှင့် ဆက်စပ်ပစ္စည်းများ၊ ဆေးဝါးနှင့် အစားအသောက်များ၊ လိုအပ်သည်များကို အဆင်သင့်ထားရှိ ဆောင်ရွက်ပေးထားပြီး ခုတင်(၃၀၀)ထားရှိမည် ဖြစ်သည်။

အဆိုပါ ရောဂါကုသရေးစင်တာတွင် သင်္ဃန်းကျွန်းမြို့နယ်နှင့် နီးစပ်ရာ မြို့နယ်များအတွင်းရှိ ရောဂါကူးစက်ခံထားရသူများ၊ သံသယရှိသူများအနေဖြင့် အခမဲ့လာရောက် ကုသမှုခံယူနိုင်ကြောင်း သတင်းရရှိသည်။

ပြန်/ဆက်