လေးမျက်နှာ  ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်းမြစ်အတွင်း ငါးမျိုးကောင်ရေ (၂၀၀၀၀၀) စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လေးမျက်နှာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်လဲ့လဲ့အောင်က ယနေ့ပြုလုပ်သည့် ငါးမျိုးစိုက်ထည့်ခြင်းသည် နှစ်စဉ်ပြုလုပ်ခြင်းပြီး ငါးသယံဇာတထိန်းသိမ်းရေးဇုန်(၁)တွင် ငါးမျိုးစိုက်ထည့်ခြင်းကို (ပထမ)အကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ 

ထို့နောက် ငါးလုပ်ငန်းဦးစီးမှူးနှင့် တာဝန်ရှိသူများက ငါးမျိုးများလွှဲပြောင်းပေးပြီး တက်ရောက်လာသူများမှ ငဝန်မြစ်အတွင်း ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြသည်။ ငါးမျိုးစိုက်ထည့်ပွဲတွင် ဟင်္သာတငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်းကောင်ရေ (၁၀၀၀၀၀)၊ ရွှေဝါငါးကြင်းကောင်ရေ(၁၀၀၀၀၀) စုစုပေါင်း ကောင်ရေ (၂၀၀၀၀၀) တို့ကို မျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသံဇာတများတိုးပွားလာစေရန် ရည်ရွယ်၍ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ် အသီးသီးတွင် ငါးမျိုးများ နှစ်စဉ်စိုက်ထည့်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)