မြန်အောင်   ဇူလိုင်   ၉ 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၊ မြန်အောင်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများနှင့် ကာကွယ်ဆေး ထိုးရန်ကျန်ရှိသော ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများကို ဇူလိုင် ၉ ရက် နံနက်က ကိုဗစ် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက မြန်အောင်ဘိုးဘွားရိပ်သာခန်းမတွင် အဘိုး ၁၁ ဦး၊ အဘွား ၂၅ ဦးတို့ကို ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးသည်။ အလားတူ မြန်အောင် ပြည်သူ့ဆေးရုံ ပြင်ပလူနာဆောင်တွင်လည်း ဇူလိုင် ၉ ရက် နံနက်က ကာကွယ်ဆေး ထိုးရန်ကျန်ရှိသော ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ်(မြန်အောင်)

mdn