ဝက်လက် ဇူလိုင်  ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ဇူလိုင် ၉ ရက်အထိ ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိသူ ၈၁ ဦးထိ ရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျန်းမာရေး ဦးစီးဌာနတို့၏ အတည်ပြုချက်အရ  သိရသည်။

ဝက်လက်မြို့နယ်တွင် ဇွန် ၁၈ ရက်မှစတင်၍ ကိုဗစ်- ၁၉ ပိုးတွေ့သူ ခုနစ်ဦးမှ ဇူလိုင် ၉ ရက်အထိ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၈၁ ဦးထိ ရှိလာကြောင်း သိရသည်။

ဝက်လက်မြို့ ပြည်သူ့ဆေးရုံတွင် ၂၉ ဦး၊ ရှိမ္မကားကျေးရွာ တိုက်နယ်ဆေးရုံတွင် သုံးဦး၊ ရွှေပန်းကုံး ကျေးရွာ တိုက်နယ်ဆေးရုံတွင် ၁၃ ဦး ဆေးကုသမှုခံယူနေကြောင်း၊ ဝက်လက်မြို့ပြည်သူ့ဆေးရုံမှ ပိုးတွေ့လူနာ  ၃၄ ဦးသည် ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း၊ မန္တလေးမြို့သို့ သွားရောက်ဆေးကုသနေသူ တစ်ဦးနှင့် ဝက်လက်မြို့မှ တစ်ဦး စုစုပေါင်း နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

စိုးစိုးလှိုင်(ဝက်လက်)