နမ့်စန်(တ) ဇူလိုင် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နမ့်စန် ကမ္ဘောဇဘဏ်ခွဲမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက အမှတ်(၃) ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် Mask Campaign ပြုလုပ်၍ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ့်စန်ကမ္ဘောဇဘဏ်ခွဲမန်နေဂျာ ဦးဝေလင်းနှင့် ဝန်ထမ်းများက ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သွားလာနေကြသူများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ပြည်သူများ လိုက်နာရမည့်အချက်များကို အသိပေးခြင်းနှင့် Mask မတပ်ဘဲ သွားလာနေသူများကို Mask မဖြစ်မနေ တပ်ဆင်သွားလာရေး သတိပေးကာ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ Mask Campaign ဆောင်ရွက်သည့်နေရာတွင် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ၊ ယာဉ်ထိန်းတပ်ဖွဲ့များက လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း(Mask) အခု (၅၀၀၀) အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)


