မိုင်းယောင်း ဇူလိုင် ၁၀

 

ရှမ်းပြည်နယ်(အရှေိပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီး သော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထိုးနှံပေးရာတွင် မိုင်းယောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ ၁၈၀ ဦးကို ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

 

အားချာ