မော်လမြိုင်       ဇူလိုင်   ၁၀

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ရောဂါကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်ယုနှင့်  ဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များသည် ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းက ဈေးဆိုင်များ၊ စားသောက်ကုန်အရောင်းဆိုင်များ   ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ရေး     စည်းကမ်းသတ်မှတ်ချက်၊ လမ်းညွှန်မှာကြားချက်များအတိုင်း ရောင်းချမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးသည်။

ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်ပြီး    လူစုလူဝေးဖြစ်ပေါ်မှုမရှိစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ တားဆီးကာကွယ်နိုင်ရန် အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)