အယ်လ်ဂျီယာ ဇူလိုင် ၁၂
အယ်လ်ဂျီးရီးယားဝန်ကြီးချုပ် အေမန်ဘိနပ်ဒါရာမိန်းသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ၎င်း၏ နေအိမ်တွင် သီးခြားခွဲ၍ နေရကြောင်း အယ်လ်ဂျီးရီး ယားနိုင်ငံ၏တရားဝင်သတင်း အေဂျင်စီ ဖြစ်သည့် အေပီအက်စ်(APS)က ယနေ့ ဖော်ပြထားသည်။
ဝန်ကြီးချုပ် အေမန်ဘီနပ်ဒါရာမိန်း သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီးနောက် ကျန်းမာရေးဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ ခုနှစ်ရက်ကြာ သီးခြားစောင့်ကြည့်မှုခံယူရပြီး ၎င်း၏ ရုံးလုပ်ငန်းများကို နေအိမ်မှ ပုံမှန်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။
ထို့အပြင် ဝန်ကြီးချုပ်သည် ခုနှစ်ရက်ကြာ သီးခြားစောင့်ကြည့်မှု ခံယူခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကင်းစင်ခြင်း ရှိ၊ မရှိ နောက်ထပ်စမ်းသပ် စစ်ဆေးမှုခံယူမည်ဖြစ်ကြောင်း သိရသည်။
အေမန်ဘီနပ်ဒါရာမိန်းသည် ယခုနှစ် ဇွန် ၃၀ ရက်က အယ်လ်ဂျီးရီးယား နိုင်ငံ၏ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံ ခဲ့ရသည်။ အယ်လ်ဂျီးရီးယားနိုင်ငံ၌ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကိုဗစ်၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာခဲ့သည်။ ပြီးခဲ့သည့်လက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၀ ခန့်ရှိပြီး ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၈၀၀ ကျော်ရှိလာကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ ဘာသာပြန် - ဂျေတီ